. တာဘိုအင်ဂျင်
=========
အသက် ၇၀ လောက်ရှိတဲ့ လူဖြူအဖိုးကြီးတစ်ယောက်က အသက် ၂၀ အရွယ် လူဖြူမိန်းကလေးတစ်ယောက်ကို လက်ထပ်လိုက်တယ်။
တစ်နှစ်ကို ကလေးတစ်ယောက် မှန်မှန်မွေး သတဲ့
မွေးတိုင်းလည်း အဖိုးကြီးက ဂုဏ်ယူစွာနဲ့ ပြောတယ်… …
“င့ါအင်ဂျင်က တာဘိုအင်ဂျင်ကွ၊ အိုပေမယ် မကျသေးဘူး”
ဒီလိုနဲ့ ၅ယောက်မြောက်ကလေးမွေးတော့ မွေးခန်းထဲက ထွက်လာတဲ့ ဆရာဝန်က ပြောတယ်… …
“အန်ကယ်ရဲ့ တာဘိုအင်ဂျင်ကို အင်ဂျင်ဝိုင် လဲလိုက်တော့”
“ဘာလို့လဲကွ”
“မီးခိုးလိုက်နေပြီလေ၊ ကလေးလေးက နီဂရိုးလေး”

No comments:
Post a Comment