Monday, 30 December 2013

ဂျပန်မှာ စစ်သည်သူရဲကောင်း Nobunaga ဆိုသူ ရှိပါတယ်။ တော်တော်လေးကို အရည်အချင်းရှိတဲ့အတွက် ဗိုလ် အဖြစ် ခန့်ခံရတယ်။

တနေ့ ကင်းလှည့်ထွက်ရင်း စစ်သည် အယောက် ၂၀ ကျော် နဲ့ ပဲ မြို့ကနေ ခေါ်ထွက်သွားတယ်။ အဲ့မှာ ရွာတရွာကို သူပုန် အယောက် ၅၀၀ ကျော်က ၀င်စီးနေတာကို သတင်းရတော့ မြို့ကို စစ်ကူတောင်းရင် အချိန်ကြာမယ် ၀င်တိုက်ရင် လေ့ကျင့်ထားတဲ့ စစ်သည် တွေဖြစ်တဲ့အတွက် နိုင်မယ်။

သို့သော် သူ့၏ စစ်သားတွေက ကိုယ့်အရည်အချင်းကို မယုံနေတော့ Nobunaga က သူ့ စစ်သည်တွေကို ပြောတယ် ငါတို့ ရွာကို မရောက်ခင် နတ်နန်းရှိတယ်၊ အဲ့ နတ်နန်းကနတ်က နာမည်ကြီးပဲ သူဆီငါတို့ စစ်ပွဲနိုင်မနိုင်ဆိုတာ မေးကြမယ်၊ ခေါင်းပန်းလှည့်ပေးမယ်။ ခေါင်းဆိုရင် နိုင် မယ်၊ ပန်းဆိုရင် ငါတို့ စစ်ကူလာတဲ့အထိစောင့်မယ်ဆြို့ပီး နတ်နန်းရောက်တော့ သူက ၀င်ကန်တော့ပြီး ခေါင်းပန်းလှည့်တယ်။ ခေါင်းကျတယ်။

အဲ့တာနဲ့ စစ်သည်တွေလည်း အားတက်ပြီး ရွာကို အပြင်းအထန်ဝင်တိုက်တော့မှ သူပုန်တွေ ထွက်ပြေးကာ ရွာကို ပြန်ရတယ်။ စစ်ပွဲနိုင်တော့ Nobunaga ရဲ့ အခိုင်းအစေက အရှင်က ကောင်းကင်ရဲ့ အလိုကို ပိုင်စိုးသူပဲ လို့ ချီးကျူးတယ်၊ Nobunaga ကတော့ ဒါပေါ့ ငါ့ ဒင်္ဂါးက နှစ်ဘက်လုံး ခေါင်းပဲလေ တဲ့။ သူကတော့ ဂျပန်ကို အုပ်ချုပ်ခဲ့တဲ့ အောင်မြင်တဲ့ ဗိုလ်ချုပ် (Shogun) တစ်ဦးဖြစ်ခဲ့ပါတယ်။
အောက်ကပုံထဲမှာ မီးခိုးရောင်ဒေသတွေဟာ Oda Nobunaga အုပ်ချုပ်ခဲ့ တဲ့ ဒေသတွေဖြစ်ပါတယ်။

ဘုရင့်နောင်ဖောင်ဖျက်ဆိုသလိုပါပဲ ၊ လူသားတိုင်းမှာ ကြီးမားတဲ့ စွမ်းအား ဆိုတာ ရှိကြပါတယ်။ မယုံရင် ထုတ်သုံးကြည့်ပါ။

No comments:

Post a Comment